၂၈ ဇူလိုင်

 

 

ပီရူးနိုင်ငံမှာ ကပ်ရောဂါပိုး စတင်ချိန်ကစပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၉၀ဝ ကျော် ပျောက်ဆုံးနေကြောင်းနဲ့ အဲဒီသူတွေ သေဆုံးမှာကို စိုးရိမ်ကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

 

 

လူဦးရေ ၃၃ သန်း နေထိုင်တဲ့ ပီရူးနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက် ပြဿနာ ဆိုးဆိုးရွားရွားရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက်မှုကြောင့်  အလုပ်လက်မဲ့တွေနဲ့ ကျန်းမာရေးပြဿနာတွေဟာ ပြီးခဲ့တဲ့ ၃လခွဲလောက် အတွင်းမှာ ဆိုးရွားကြောင်း၊ အခုပျောက်ဆုံးနေသူတွေထဲမှ ၇၀ ရာခိုင်နှုန်းဟာ မိန်းကလေးငယ်တွေဖြစ်ကြောင်း၊ အသွားအလာ ကန့်သတ်ပိတ်ဆို့ထားတဲ့ မတ်လ ၁၆ ရက်မှာ ဇွန် ၃၀ အတွင်း အမျိုးသမီး ၉၁၅ ဦး ပျောက်ဆုံးကြောင်းနဲ့ အဲဒီပျောက်ဆုံးနေသူတွေ သေဆုံးမှာကို စိုးရိမ်ကြောင်း အမျိုးသမီးအခွင့်အရေးရုံး National Ombudsman ရဲ့ အကြီးအကဲ အယ်လီနာ ရီဗော်လာ က ပြောကြားပါတယ်။

 

 

ပီရူးနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ လူကုန်ကူးခြင်းနဲ့ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခြင်းတွေ ရှိနေပေမယ့် အဲဒီအကြောင်းအရာတွေဟာ ထွက်ပေါ်လာခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့ သုံးနှစ်က ပျောက်ဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူလည်းဖြစ် အမျိုးသမီး အခွင့်အရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေသူ ဆိုဆီရက် ရော့ရီဂူ့ ရဲ့ အလောင်းဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ပြန်တွေ့ခဲ့တဲ့အတွက် ဒေသတွင်း သတင်းတွေရဲ့ ခေါင်းကြီးမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ့နှစ်က ပီရူးနိုင်ငံမှာ အမျိုးသမီး ၁၆၆ ဦး အသတ်ခံခဲ့ရကြောင်း သတင်းရရှိတဲ့အတွက် အဲဒီအရေအတွက်ဟာ အဖြစ်အပျက်ရဲ့ ဆယ်ပုံတစ်ပုံသာရှိကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကို သတင်းပို့တဲ့ ဖုန်းခေါ်မှုပေါင်း ၃၀,ဝဝဝ နီးပါး ရှိခဲ့ကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၃၉၄,ဝဝဝ ကျော် သေဆုံးသူ ၁၈,၂၂၉ ဦး သေဆုံးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP