၁ ဧပြီ

 

ပီရူးနိုင်ငံမြို့တော် လီမာတွင် တနင်္ဂနွေနေ့နှောင်းပိုင်းက ဘတ်စ်ကားတစ်စင်း မီးလောင်ခဲ့ရာ လူပေါင်း ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက ရေးသာဖော်ပြခဲ့သည်။

 

ေေ

 

ခရီးသည်အပြည့်တင်ဆောင်လာသော ခရီးဝေးသွား ဘတ်စ်ကားတစ်စင်းသည် လီမာမြို့မှ ချီကလေယိုမြို့သို့ သွားရောက်စဉ် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

 

မီးလောင်ရခြင်း အကြောင်းရင်းအား မသိရသေးကြောင်း သတင်းများအရ သိရသည်။

 

နန

 

အဆိုပါ ဘတ်စ်ကား မီးလောင်မှုမှာ ပီရူးနိုင်ငံတွင် ယခုနှစ်အတွင်း   ဒုတိယအကြိမ်မြောက် ယာဉ်မတော်တဆမှုဖြစ်သည်။  ပထမအကြိမ်မှာ ဇန်နဝါရီလ ၂၅ ရက်က ပီရူးနိုင်ငံ အလယ်ပိုင်းရှိ မြစ်အတွင်းသို့ ခရီးသည်တင် ဘတ်စ်ကားတစ်စင်း ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်