၁၁ ဇွန်
ပီရူးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၀၈၇ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၂၀၈၈၂၃ ဦး ရှိကြောင်း ပီရူး ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၅၉၀၃ ဦး ရှိသည်။
ပီရူးအာဏာပိုင်များ၏ ပြောကြားချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၉၁၆ ဦး ဆေးရုံတက် ကုသမှု ခံယူနေပြီး ၎င်းတို့အနက် ၁၀၆၅ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် အသက်ရှူ အထောက်အကူပြု ကိရိယာ တပ်ဆင်ထားရသည်ဟု သိရသည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာသူ ၉၈၀၃၁ ဦး ရှိကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေအရ တစ်နိုင်ငံလုံး အဝင်အထွက် ပိတ်ဆို့မှုကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရန် သမ္မတ မာတင်က ဆုံးဖြတ်ခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ရောဂါကူးစက်မှုတွင် ပီရူးနိုင်ငံသည် လက်ရှိ အခြေအနေတွင် ရှစ်နိုင်ငံမြောက် ကူးစက်ခံရမှု အများဆုံး ဖြစ်သည်။
လက်တင်အမေရိကတွင် ဘရာဇီးနိုင်ငံပြီးလျှင် ပီရူးနိုင်ငံသည် ဒုတိယမြောက် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို