မတ် ၄
ပီရူးနိုင်ငံတွင် ယခုနှစ်အစပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄၁ ဦး ထက်မနည်းသေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့အထိ လူ ၅၆ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၄၈ ဦးသည် ဆေးရုံမှဆင်းခွင့်ရပြီး ခုနစ်ဦးသည် ဆေးရုံတက်နေရဆဲဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရသိရသည်။
ပီရူးအစိုးရသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ထောက်ရှု၍ ဒေသအမျိုးမျိုးတွင် ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေတစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


