၂၅ ဧပြီ


 

ပီရူးပြည်ထဲရေးဝန်ကြီးက သူ့ဌာနမှ ရဲအရာရှိ တစ်ထောင်ကျော် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အတွက် မနေ့က (သောကြာနေ့) ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။


 

ပီရူးရဲတပ်သား ၁၄၀,၀၀၀ ထဲက ၁,၃၀၀ သောရဲသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး ဆေးရုံတက်ရောက် ကုသခံယူနေကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။


 

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူပေါင်း ၂၁,၀၀၀ ကျော် ရှိပြီး ၆၀၀ ကျော်သေဆုံးကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ မှတ်တမ်းအရသိပါတယ်။


 

ပီရူးနိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရန် အသွားအလာ ကန့်သတ်ချက်တွေကို မေလ ၁၀ ရက်နေ့အထိ ထားရှိမှာဖြစ်ပြီး နယ်စပ်တွေကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။


 

ပြည်ထဲရေးဝန်ကြီး ကားလို့စ် မိုရမ် ဟာ လက်ရှိသမ္မတ မာတင် ဗစ်ကာရာ လက်ထက်မှာ ဝန်ကြီးအဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး အယ်လီဇဘတ် ဟင်နိုစထာဇို ကလည်း မတ်လ ၂၁ ရက်နေ့က တာဝန်မှ နှုတ်ထွက်ခဲ့ပါသေးတယ်။


 

MDN

ကိုးကား - AFP

mdn