၂ ဇူလိုင်
ပီရူးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရမှု ၃၂၆၄ ရှိကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် ကူးစက်ခံရသူအရေအတွက် ၂၈၈၄၇၇ ဦး ရှိလာပြီး သေဆုံးမှု ၉၈၆၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်း ကူးစက်ခံရမှုကြောင့် အထူးကြပ်မတ်ဆောင်တွင် အသက်ရှူအထောက်အကူပြု ကိရိယာဖြင့် ကုသမှုခံယူနေသူ ၁၂၁၂ ဦး အပါအဝင် လက်ရှိဆေးရုံတက်နေသူ ၁၁၁၀၈ ဦး ရှိသည်။
သမ္မတ မာတင် ဗစ်ကာရာ က ရောဂါကူးစက်မှုနှုန်းပေါ်မူတည်ပြီး အဝင်အထွက် ကန့်သတ်ပိတ်ပင်ထားမှုမှ ဒေသတွင်း သီးသန့်ကန့်သတ်ခွဲခြားထားခြင်းကို ပြောင်းရန် ပီရူးနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေးအစီအမံများ လုပ်ဆောင်ကြရန် ပြည်သူလူထုအား ဇွန် ၃၀ ရက်က ပြောကြားခဲ့သည်။
အဝင်အထွက်ကန့်သတ်ပိတ်ပင်ထားမှုသည် ဇွန် ၃၀ ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့သည်။
ပီရူးနိုင်ငံသားအများစုသည် ဇူလိုင် ၁ ရက်နေ့တွင် ၎င်းတို့၏ နေ့စဉ်လုပ်ဆောင်မှုများကို ပြန်လည်စတင်ခဲ့သော်လည်း လိုအပ်ချက်သုံးခုဖြစ်သည့် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း နှင့် လက်ဆေးခြင်း တို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို