ပီရူးတွင် ယဇ်ပူဇော်ခံရသော ကလေး ၂၂၇ ဦး ၏ ရုပ်ကြွင်းများကို ရှေးဟောင်းသုတေသနပညာရှင်များ ရှာဖွေတွေ့ရှိ

၂၈ သြဂုတ်

ကိုလံဘီယာ ချီမူ ယဉ်ကျေးမှု မဖြစ်ထွန်းမီ ယဇ်ပူဇော်ခံရသော ကလေးများ ရှာဖွေတွေ့ရှိမှု အများပြားဆုံးဖြစ်သည့်  နေရာတစ်ခုမှ ရုပ်အလောင်း ၂၂၇ ကို တူးဖော်ရရှိခဲ့ကြောင်း ပီရူးရှိ ရှေးဟောင်းသုတေသနပညာရှင်များက ဆိုသည်။

လီမာမြို့တော်၏ မြောက်ဘက် ပင်လယ်ကမ်းခြေ ခရီးသွား ဧည့်မြို့ တစ်မြို့ ဖြစ်သည့် ဟူအန်ချာကို တွင် ကြီးမားသည့် ယဇ်ပူဇော်သည့် နေရာ၌ ရှေးဟောင်းသုတေသန ပညာရှင်များက ယမန်နှစ်ကစတင်ကာ တူးဖော်ခဲ့ကြသည်။

ထိုနေရာသည် ယဇ်ပူဇော်ခံရသော ကလေးများ၏ ရုပ်ကြွင်းများရှိရာ အကြီးမားဆုံး နေရာဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် အကြီးအကဲဖြစ်သူ ဖီရမ် ကတ်တီလို က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

ချီဖူယဉ်ကျေးမှု နတ်ဘုရားများကို ရိုးရာဓလေ့အတိုင်း ယဇ်ပူဇော်ခဲ့သည့် ထို ကလေးများမှာ အသက် လေးနှစ် နှင့် ၁၄ နှစ် အကြားတွင်ရှိသည်ဟု  ကတ်တီလို က ပြောကြားခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်တွင် ဖြေသိမ့်ရန် ၎င်းကလေးများ ယဇ်ပူဇော်ခံရခြင်းဖြစ်ပြီး စိုစွတ်သည့် ရာသီအတွင်း အသတ်ခံရသည့် လက္ခဏာများ ပြသကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှေးဟောင်းသုတေသနပညာရှင်များက ၂၀၁၈ ခုနှစ် ဇွန်လတွင် ထိုမြို့၏ ပန်ပါ လာ ခရုဇ် ရပ်ကွက်၌ အရိုးစု ၅၆ ခုရှိသည့် ကလေးရုပ်ကြွင်းများကို ပထမဆုံး တူးဖော်တွေ့ရှိခဲ့သည်။

ယဇ်ပူဇော်ခံရသည့် ကလေး ၁၄၀ ဦး နှင့် လာမာကုလားအုပ် အကောင်ရေ ၂၀ဝ ၏ ရုပ်ကြွင်းများကို ဟူအန်ချာကွီတို အနီး ပန်ပါ လာ ခရုဇ် တွင် ၂၀၁၈ ခုနှစ် ဧပြီလက တွေ့ရှိခဲ့ကြသည်။

ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန် - မြင့်မြင့်ချို