နေပြည်တော် ဧပြီ ၂၆
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားသမားများ၏ ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးသည်။
ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ပီတန်းအားကစားနည်း Single Shooting (Men/ Women) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ Single Shooting (Men/ Women) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး များက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ အောင်မြင်မှုရရှိစေ ရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများများ ရရှိစေရန်အတွက် ယခုလို လက်ရည်ဆန်း စစ်ပြိုင်ပွဲများကို မကြာမကြာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်၍ အားကစားသမားများအနေဖြင့် ယခင်ရရှိထားသည့် စံချိန်၊ စံညွှန်းများထက် ပိုမိုကောင်းမွန်တိုး တက်လာအောင်နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်း လိုက်နာပြီး ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)