ပိန်းဇလုပ်မြို့တွင် လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူသေဆုံး

ညောင်လေးပင်  ၂၁ မေ


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ မြို့မ(၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ် ဆေးရုံရှေ့တွင် မေ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဦးကြည်လွင်(၅၈) နှစ် မြို့မ(၁)၊ ပိတောက်ရွှေဝါရပ်ကွက်၊ ပိန်းဇလုပ်မြို့နေသူမောင်းနှင်သော ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ချန်ဟိုင်းအမျိုးအစား သုံးဘီးလမ်းကြိတ်စက် ယာဉ်သည် လုပ်ငန်းခွင် ရပ်နားရန် မြောက်ဘက်မှ တောင်ဘက်သို့ ခေါင်းပြန်လှည့်စဉ် လွန်းထိုးနောက် ဆုတ်ရာမှ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျသွားရာမှ ယာဉ်မောင်း ဦးကြည်လွင်မှာ လမ်းကြိတ်စက် နောက်သံဘီး ယာဘက်ခြမ်းအောက်တွင် ပိသွားခဲ့သဖြင့် ဒဏ်ရာများရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား ပိန်းဇလုပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။


ကိုလွင်(ဆွာ)