မုဒုံ   နိုဝင်ဘာ   ၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပိန်းဥ စိုက်ပျိုးခြင်းဖြင့်တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိကြောင်း သိရသည်။

ပိန်းဥများ စိုက်ပျိုးရောင်းချသူတစ်ဦးက “ပိန်းဥပင်များကို ဥမွှာမှ လည်ကောင်း၊ ပိန်း ဥ၏ အရင်းထိပ်ဖျားများမှ လည်းကောင်း ချောင်းကမ်းနားမြေနေရာများနှင့် အိမ်ခြံ ဝင်းအတွင်းရှိ မြေနေရာများတို့တွင် အလွယ်တကူ စိုက်ပျိုးနိုင်ပြီး () အကြာတွင် နှုတ်ယူရောင်းချနိုင်ကြောင်း၊ ဒေသပေါက်စျေး တစ်ပိသာလျှင် တစ်ထောင်ကျပ်ရရှိ ကြောင်း ” ပြောကြားသည်။

မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေး နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ် ကိုင်စိုက်ပျိုးကြရာ မိသားစု အတွက်စာသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ စေရန်  ဟင်းသီးဟင်းရွက်များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)