နေပြည်တော် ၂၈ ဒီဇင်ဘာ

 

နေပြည်တော် ပိတောက်အိမ်ရာ တနင်္လာသံဃာ့ဒါန ဆွမ်းလောင်းအသင်း မိသားစုများ၏ နဝမအကြိမ်မြောက် စတုဒိသာကျွေးပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲတော်ကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်  ဘောဂသိဒ္ဓိရပ်ကွက် ဇနကလမ်း တနင်္လာဆွမ်းလောင်းအသင်း ဆွမ်းချက်ရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပိတောက်အိမ်ရာ တနင်္လာသံဃာ့ဒါန ဆွမ်းလောင်းအသင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုးအောင်က မုဒိတာစကားပြောကြား၍ အကျိုးတော်ဆောင်များက စတုဒိသာကျွေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် မြန်မာ့သိုင်းအဖွဲ့များက သိုင်းစွမ်းရည်များပြသကြပြီး သားငယ်သမီးငယ်များက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

mdn

 

စတုဒိသာကျွေးပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲတော်တွင် နိဗ္ဗာန်ဈေးဆိုင်ခန်းပေါင်း ၁၀ဝ ကျော်နှင့် ထမင်းစတုဒိသာရုံ၊ အအေးစတုဒိသာရုံ၊ လက်ဖက်ရည်စတုဒိသာရုံ၊  ရခိုင်မုန့်တီစတုဒိသာရုံ၊ ကြက်သားဆန်ပြုတ် စတုဒိသာရုံ၊ ရွှေရင်အေးစတုဒိသာရုံ၊ အုန်းနို့ခေါက်ဆွဲစတုဒိသာရုံ၊ ဘိန်းမုန့်စတုဒိသာရုံ၊ ခုကြော်ခုစားကောက်ညှင်းပေါင်းနှင့် အကြော်စုံစတုဒိသာရုံ၊ မုန့်လက်ကောက်စတုဒိသာရုံ၊ ရွှေကြည်စတုဒိသာရုံ၊ ရွှေထမင်းစတုဒိသာရုံ၊ ကျောက်ကျောစတုဒိသာရုံ၊ ထမနဲစတုဒိသာရုံ၊ မုန့်ဟင်းခါးစတုဒိသာရုံများအပြင် အမျိုးမျိုးသော စတုဒိသာရုံများနှင့် နိဗ္ဗာန်ဈေးဆိုင်ရာဖွင့်လှစ်၍ ကုသိုလ်ပြု လှူဒါန်းကြကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

mdn