နေပြည်တော် ဧပြီ ၁၂

 ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show အစီအစဉ်ဆန်းသစ်မှုအဖြစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြို “ပိတောက်လက်ဆောင်” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၃ ခုနှစ် ဧပြီလ (၁၄) ရက်၊ သောကြာနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို  “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ   တေးသံရှင်များ ဖြစ်ကြသည့်  ထပ်ဆင့်အကယ်ဒမီ ရဲအောင်၊ စိုးထက်အောင်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊ ချမ်းဟိန်းဝင်းထွန်း၊ လလဆွတ်၊ ရဲရင့်ဝေလွင်၊ နေခြည်၊ ရွှေဖြူ၊ ရေဂျီးနား နှင့် ဖူးဧကရီဆောင်း တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းနှင့်   ထိုသို့တင်ဆက်မှုကို ဧပြီလ (၁၆) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်