နေပြည်တော်  မတ် ၂၀

ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရုံးများ၊ ဝန်ထမ်းအိမ်ရာများ၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြသ ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

ဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မီးသတ် တပ်ဖွဲ့ဝင်များ၏ ဟောပြောပို့ချချက်များကို သေချာစွာမှတ်သားပြီး အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားပြီး မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူး၊ ဥတ္တရ သီရိမြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာကိစ္စများကို ရှင်းလင်းဟောပြောပို့ချကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသူများကို မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြိမ်းသတ်မှု သရုပ်ပြကာ ဝန်ထမ်းများနှင့်အတူ လက်တွေ့လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်