နေပြည်တော်၊ ဧပြီ ၁၂
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက် ျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း- ၃ (AIPT - 3) တို့မှ သင်္ဘော ၄ စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၃၉,၅၀၀ တင်ပို့ခဲ့သည်။
အလားတူ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT-3) မှ ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲတို့ တင်ဆောင် ထွက်ခွာသွားသည်။
ထို့အပြင် ဧပြီ ၁၃ ရက်တွင် မင်းထက်မင်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ ၊ ဆူးလေ ဆိပ်ကမ်း (SPW-6) မှ ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ ၊ ဧပြီ ၁၅ ရက်တွင် ယခင်ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT 1) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ ၊ Yangon International Gateway Terminal (YIGTA) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ ၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)