ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၈

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်း စီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၈ ရက်တွင် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော သီလဝါဆိပ်ကမ်း (International Bulk Terminal Thilawa- IBTT) မှ ပြောင်းဖူးစေ့ တန်ချိန် ၁၄,၅၀ဝ နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ စုစုပေါင်းတန်ချိန် ၁၇,၂၀၀ တင်ပို့ခဲ့သည်။

အလားတူ အေရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘောတစ်စီးပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ပြောင်းများ တင်ဆောင်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၁၉ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၆၀ဝ နှင့် ဧပြီ ၂၀ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀ဝ တန် ဆက်လက်တင် ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်