မိုင်းရယ် ၂၄ အောက်တိုဘာ
ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မိုင်းရယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပေး ဆွေးနွေးပွဲတွင် မိုင်းရယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများ အကြောင်းအားမေးမြန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းနှင့် မိုင်းရယ် မြို့နယ်အတွင်းမှ ကျေးလက် ကျန်းမာရေးမှူးက ပြန်လည်ဖြေကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က မိုင်းရယ်မြို့နယ်အတွင်း ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများ ထိုးနှံရာတွင် တစ်မြို့နယ်လုံး ထိုးနှံရေးတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။
အဆိုပါ ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ကြပါသည်။
မိုင်းရယ်ပြန်/ဆက်


