၁၃ ဇွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိုလန်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ခွင့်ပြုဖို့ စဉ်းစားနေသည်ဟု ဆိုသည်။ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗီဇာမပါဘဲ အမေရိကန်နိုင်ငံသို့သွားရောက်ရန် ပါဝင်သည့် နိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

သမ္မတ ထရန့်သည် ပိုလန် သမ္မတ Andrzej Duda နှင့်ဗုဒ္ဓဟူးနေ့က  တွေ့ဆုံဆွေးနွေးပြီးနောက် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်အတွင်း ထိုဗီဇာကင်းလွတ်ခွင့်ပြုရေးနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။  ထရန့်က ရက်ပေါင်း ၉၀ အတွင်း ယင်းဗီဇာကင်းလွတ်ခွင့်ကို ဆုံးဖြတ်ချက်ချမည့်အကြောင်း ပြောကြားခဲ့သည်။

၂၀ဝ၃ ခုနှစ်က စတင်ခဲ့သော အီရတ်စစ်ပွဲတွင် အမေရိကန်အစိုးရ ဂျော့ရှ်ဒဗလျူဘုရှ် နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့်အတွက် အပြန်အလှန်အားဖြင့် ဗီဇာကင်းလွတ်ခွင့်ပြုရန် ပိုလန်နိုင်ငံက တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံသည် ဥရောပနိုင်ငံအချို့နှင့် ဆက်ဆံရေးခပ်တန်းတန်းဖြစ်နေသော်လည်း ပိုလန်နိုင်ငံသည်  အမေရိကန်နိုင်ငံလုပ် လက်နက်များနှင့် စွမ်းအင်တို့ကို မကြာသေးမီလများက ဝယ်ယူခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ             
ဘာသာပြန် - မြင့်မြင့်ချို