၄ မတ် 


ကမ္ဘာတစ်ဝန်းက ဗီဒီယိုဂိမ်းကစားသူတွေဟာ ပိုလန်နိုင်ငံ ကတ်တိုဝီ့စ်မြို့မှာ တနင်္ဂနွေနေ့ Fortnite ဂိမ်း ကစားနည်းကို ယှဉ်ပြိုင်နေကြတာကို တွေ့ရပါတယ်။ အနိုင်ရသူတွေအတွက် ဆုငွေဟာ အမေရိကန်ဒေါ်လာ ငါးသိန်းကို ရည်ရွယ်ထားပါတယ်။ 

 

ေေ

 

ဂိမ်းကစားနေသူတွေတင်မဟုတ်ဘဲ ထောင်ချီတဲ့ အားပေးသူတွေပါ တက်ရောက်တာကို တွေ့ရပါတယ်။ 

 


ပြီးခဲ့တဲ့သောကြာနေ့က တစ်ဦးချင်းယှဉ်ပြိုင်ပွဲတွေအပြီးမှာ စနေနဲ့တနင်္ဂနွေနေ့မှာတော့ အသင်းလိုက်ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့ပါတယ်။ မနေ့က ပြီးဆုံးတဲ့ အသင်းလိုက် ကစားတဲ့ ပွဲစဉ်မှာ ပူးတွဲအနိုင်ရသူအဖြစ် ကနေဒါနိုင်ငံက NRG Zayt အဖွဲ့နဲ့ အမေရိကန် က Ghost SAFအဖွဲ့ က အမေရိကန်ဒေါ်လာ ရှစ် သောင်း ရရှိပြီး ဒုတိယဆုက ခြောက်သောင်းလေးထောင်၊ တတိယဆုအတွက် လေးသောင်းရှစ်ထောင် သတ်မှတ်ထားပါတယ်။ 

ိိ


ဒါ့အပြင် နှစ်သိမ့်ဆု ၂၀အတွက်လည်း ငွေသားဆုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ 

 


Fortnite ဂိမ်းကို ၂၀၁၇ ခုနစ် ဂျူလိုင်လက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လူကြိုက်များတဲ့ ဂိမ်းဖြစ်လာကာ ၂၀၁၈ မေလ အထိ ကမ္ဘာတဝန်းမှာ အဲဒီဂိမ်းကို ကစားသူ ၁၅၀ သန်းကျော်ရှိလာကြောင်း သိရပါတယ်။ Fortnite ဂိမ်းဟာ တစ်နှစ်အပြည့်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး ရောင်းချပြီးကြောင်း သိရပါတယ်။ 

ေေ


လာမယ့် ဇွန်လမှာ ကျင့်ပမယ့် ဖိုင်နယ်ကစားပွဲမှာ အနိုင်ရသူက ဒေါ်လာ ၃ သန်း ရရှိမှာဖြစ်ပါတယ်။

 


MDN
ကိုးကား - AFP