ပိုလန်နိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်ကနေ သီတင်းသုံးပတ် အသွားအလာ ကန့်သတ်မယ်

၁၈ ဒီဇင်ဘာ

 

 

ပိုလန်နိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်ကနေ သီတင်းသုံးပတ် ရှော့ပင်းမောတွေနဲ့ နှင်းလျှောစီးကွင်းတွေပါ ပိတ်ထားခြင်း အပါအဝင် အသွားအလာ ကန့်သတ်မှု (partial lockdown) သတ်မှတ်မယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

 

အသွားအလာ ကန့်သတ်မှုထဲတွင် နှစ်သစ်ကူးအကြိုနေ့မှာ ခရီးသွားလာခြင်းကိုပါ ကန့်သတ်မယ်လို့ သိရပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးက မကြာခင်အတွင်းမှာ ဖြစ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု တတိယလှိုင်းကို ကာကွယ်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအား ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁၇ ရက်နေ့အထိ အသွားအလာ ကန့်သတ်မှုအောက်မှာ ထားရှိမှာဖြစ်ကြောင်း သတင်းထောက်တွေအား ပြောကြားပါတယ်။

 

 

နိုင်ငံခြားကနေ လေယာဉ်နဲ့ဖြစ်စေ၊ ရထားနဲ့ဖြစ်စေ၊  ဘတ်စ်ကားနဲ့ဖြစ်စေ ရောက်ရှိလာသူတိုင်း ၁၀ ရက် သီးသန့်နေထိုင် (quarantine) ရမှာဖြစ်ပါတယ်။ ဟော်တယ်တွေ ပိတ်ထားမှာ ဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ စစ်သားတွေကလွဲပြီး ဟော်တယ်တွေမှာ တည်းခိုခွင့် မရှိကြောင်း သိရပါတယ်။

 

 

အရေးကြီး ပစ္စည်းအရောင်းဆိုင်တွေကို ဆက်လက်ဖွင့်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ နှစ်သစ်ကူး အကြိုနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ည ၉ နာရီကနေ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီအထိ နိုင်ငံသားတွေအား ခရီးသွားခွင့် မရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

လူဦးရေ ၃၈ သန်းနေထိုင်တဲ့ ဉရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံမှာ စားသောက်ဆိုင်တွေ၊ အားကစား ခန်းမတွေနဲ့ ကျောင်းတွေက ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားပြီး မင်္ဂလာဆောင် ပါတီတွေကို ခွင့်မပြုဘဲ လူစုဝေးခွင့်ကို ၅ ဦးအထိသာ ခွင့်ပြုထားတဲ့ အမိန့်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

 

 

 

ပိုလန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁,၁၇၁,၈၅၄ ဦးရှိပြီး သေဆုံးသူ ၂၄,၃၄၅ ဦး ရှိပါတယ်။ လတ်တလောမှာ သေဆုံးသူ အရေအတွက်ဟာ နေ့စဉ် ၄၀၀ ကနေ ၆၀၀ အတွင်းရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a111