ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ပြင်သစ်အိုးပင်းတင်းနစ်ဖလား ဆွတ်ခူး

ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ အမေရိကန်ဆယ်ကျော်သက်တင်းနစ်မယ် ကိုကိုဂေါက်ဖ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဆွီယာတက်ခ်က အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက်၂၁ နှစ်အရွယ်ရှိ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ အသက် ၁၈ နှစ်အရွယ်ရှိ တင်းနစ်မယ် ကိုကိုဂေါက်ဖ်အား ၆-၁၊ ၆-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုလိုအနိုင်ရရှိခဲ့ခြင်းဟာ ဆွီယာတက်ခ်အတွက် ဂရန်းဆလမ်းဆုဖလားကို နှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဆွီယာတက်ခ်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ဂရန်းဆလမ်းဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆွီယာတက်ခ်ရဲ့ ယခုနိုင်ပွဲဟာ သူ့ရဲ့ တင်းနစ်မယ်ဘဝ တစ်လျှောက် ၃၅ ပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး တင်းနစ်မယ် ကိုကိုဂေါက်ဖ်အတွက်တော့ ယခု ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ခြင်းဟာ အဓိကပြိုင်ပွဲတွေမှာ ပထမဆုံး ဗိုလ်လုပွဲတက်လှမ်းခွင့်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

တင်းနစ်မယ် ကိုကိုဂေါက်ဖ်ဟာ ပြင်သစ်အိုးပင်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ ရှုံးပွဲကြုံခဲ့ပေမယ့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ငွေကြယ်