ကလျာမိုးမြင့် - ရေးသားသည်
ဥရောပရဲ့ လက်နက်ကိုင်ဆောင်မှုအများဆုံးနိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပြည်သူတွေဟာ ဥရောပသမဂ္ဂကချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီဖြစ်စေဖို့ ပိုမိုတင်းကျပ်တဲ့ သေနတ် ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရေးအတွက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ကြပါတယ်။
လွတ်လပ်စွာသွားလာနိုင်တဲ့ ဇုန်အတွင်းပါဝင်
ဆွစ်ဇာလန်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုလားဆိုတော့ မဟုတ်ပါဘူး။ ဒါဆိုရင်ဘာကြောင့် ဥရောပ သမဂ္ဂရဲ့စည်းကမ်းအတိုင်း လိုက်နာရသလဲ။ ဥရောပသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Schengen ဧရိယာထဲမှာ ဆွစ်ဇာလန်ပါဝင်နေလို့ပါပဲ။ Schengen ဧရိယာဟာ ဥရောပနိုင်ငံပေါင်း ၂၆ခုက နိုင်ငံသားတွေ ဗီဇာမလို၊ နိုင်ငံကူးလက်မှတ်မလိုဘဲလွတ်လပ်စွာသွားလာနိုင်တဲ့ဇုန်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေက ပါရီနဲ့ဘရပ်ဆဲလ်တို့မှာ သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂက သေနတ်ထိန်းချုပ်တဲ့ဥပဒေကို ပိုမိုတင်းကျပ်လိုက်ပါတ
ထုတ်ပယ်ခံရနိုင်
တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ၆၄ ရာခိုင်နှုန်းက ပိုမိုစည်းကမ်း တင်းကျပ်လိုက်တဲ့ သေနတ်ထိန်းချုပ်ရေးဥပဒေကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ အကယ်၍သာ မဲပေးမှုမှာ ပြည်သူတွေက ဥပဒေ ပြင်ဆင်ရေးကို ငြင်းဆန်ခဲ့မယ်ဆိုရင် ဆွစ်ဇာလန်ဟာ Schengen ဧရိယာထဲကနေ ထုတ်ပယ်ခံရတော့မှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဥပဒေမှာကျည်တစ်တောင့်ချင်း မောင်းပြန် ရိုင်ဖယ်သေနတ်များနဲ့ ကျည်အတွဲလိုက်မောင်းပြန်ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်မှုကို ပိုမိုစည်းကမ်း တင်းကျပ်ထားပြီး နိုင်ငံသားဆိုင်ရာအချက်အလက်သိမ်းဆည်းမှုတွေအားဖြင့် လက်နက်တွေကို ခြေရာခံရ လွယ်ကူအောင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံသားအခွင့်အရေး
သေနတ်ထိန်းချုပ်ရေး ဥပဒေကိုပြင်ဆင်ဖို့ ဥရောပသမဂ္ဂရဲ့ ကနဦးတိုက်တွန်းချက်ဟာ ဆွစ်ဇာလန်နိုင်ငံအတွင်း ဝေဖန်မှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက စစ်မှုထမ်းဟောင်းတွေအနေနဲ့ ၎င်းတို့ရဲ့တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေကို အမြတ်တနိုး ဆက်လက်ထိန်းသိမ်းသွားတဲ့ အစဉ်အလာကို တားမြစ်ပိတ်ပင်လာနိုင်တဲ့အတွက်ကြောင့်ပါပဲ။ ဆွစ်ဇာလန် အာဏာပိုင်တွေကတော့ လိုက်လျောပေးနိုင် တာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေကြပေမယ့် သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းတွေဟာ နိုင်ငံသား တွေရဲ့ အခွင့်အရေးအပေါ် ကျူးကျော်ထိပါးနေဆဲပဲလို့သေနတ်ကိုင်ဆောင်မှုကိုထောက်ခံတဲ့ တက်ကြွလှုပ်ရှား သူတွေက အငြင်းပွားလျက်ရှိပါတယ်။
လက်ရှိ သေနတ်ထိန်းချုပ်ရေးဥပဒေ
ဆွစ်ဇာလန်နိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ လက်နက်ဥပဒေဟာ ဥရောပသမဂ္ဂကပြဋ္ဌာန်းထားတဲ့ လက်နက် ဥပဒေ ထက်စာရင် တင်းကျပ်ကျပ်မှုမရှိလှဘဲ အမေရိကန်မှာကျင့်သုံးနေတဲ့ဥပဒေနဲ့ ခပ်ဆင်ဆင်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအတွင်းမှာ ကျည်တစ်တောင့်ချင်းမောင်းပြန်ရိုင်ဖယ်သေနတ်တွေကို လွတ်လပ်စွာဝယ်ယူ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကျည်အတွဲလိုက် မောင်းပြန်ရိုင်ဖယ်သေနတ်တွေ၊ အသံတိတ်သေနတ်တွေနဲ့ ပစ်မှတ်လေဆာတွေဝယ်ယူဖို့ကတော့အထူးခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ ကျည်ဆန်တွေဝယ်ယူမှုကိုလည်း ဆွစ်ဇာလန်မှ တရားဝင် ခွင့်ပြုထားပေမယ့် အမဲလိုက်ခြင်းကို ကန့်သတ်ထားပါတယ်။ သေနတ်တွေ ဝယ်တော့ မယ်ဆိုရင် ဝယ်သူဟာ သက်တမ်းကုန်ဆုံးခြင်းမရှိသေးတဲ့နိုင်ငံသားဖြစ်ကြောင်း သက်သေခံကတ်ပြား၊ နေရပ် လိပ်စာ၊ သုံးလအတွင်းပြုလုပ်ထားတဲ့ ရာဇဝတ်မှုကင်းရှင်းကြောင်း အထောက်အထားမိတ္တူနဲ့ သေနတ် ဝယ်ယူခွင့်လိုင်စင်ကိုအရင်ဆုံးလျှောက်ထားရပါမယ်။
လိုင်စင်လျှောက်ထားနိုင်
မိမိကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်အ္တရာယ်ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်းမခံရတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး အသိအမှတ်ပြုလက်မှတ်(C Permit)ရရှိထားတဲ့ ဆွစ်ဇာလန်နိုင်ငံသားတွေနဲ့ ပြည်ပ နိုင်ငံသားတွေဟာ သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်ပါတယ်။သို့သော်လည်း ဆားဘီးယား၊ ဘော့စနီး ယား၊ ဟာဇီဂိုဗီနာ၊ ကိုဆိုဗို၊ မြောက်မက်ဆီဒိုနီးယား၊ တူရကီ၊ သီရိလင်္ကာ၊ အယ်လ်ဂျီးရီးယားနဲ့ အယ်ဘေးနီးယားနိုင်ငံတွေကလာတဲ့ ပြည်ပနိုင်ငံသားတွေဟာ ဆွစ်ဇာလန်နိုင်ငံအတွင်းမှာ လက်နက်ပိုင် ဆိုင်ခွင့် (သို့) ကိုင်ဆောင်ခွင့်မရှိပါဘူး။
သေနတ်ပိုင်ဆိုင်မှုအများဆုံးနိုင်ငံတစ်ခု
သေနတ်ထိန်းချုပ်ရေးမူဝါဒအဖွဲ့ရဲ့ ပြောကြားချက်အရ ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သေနတ် ကိုင်ဆောင်မှုအများဆုံး လေးခုမြောက်နိုင်ငံဖြစ်ပြီး ဆွစ်ဇာလန်ပြည်သူတွေရဲ့၄၈ ရာခိုင်နှုန်းလောက်ဟာ သေနတ်ပိုင်ဆိုင်ထားကြတယ်လို့သိရပါတယ်။ ပြည်သူလူထုအတွင်း သေနတ်တွေ ပျံ့နှံ့ရောက်ရှိမှု အရေအတွက်ဟာဆိုရင် အတော်လေးများပြားနေပြီး ၁ ဒသမ ၂ သန်းနဲ့ ၄ ဒသမ ၅ သန်းအတွင်းမှာ ရှိနေတယ်လို့ဆိုပါတယ်။ှခ့နညါနည သတင်းအချက်အလက်စနစ်မှာ စတင်ပါဝင်လာခဲ့တဲ့ ၂၀ဝ၈ ခုနှစ်မှာမှ ဆွစ်ဇာလန်နိုင်ငံဟာ လက်နက်ကိုင်ဆောင်မှုတွေအတွက် ပထမဆုံးမှတ်ပုံတင်မှုကို မဖြစ်မနေစတင် လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ဆွစ်ဇာလန်အနေနဲ့ ၂၀ဝ၈ ခုနှစ် မတိုင်မီက လက်နက်ဝယ်ယူမှုတွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ခဲ့ခြင်းမရှိခဲ့သလို တရားဝင်စာရင်းအင်းအချက်အလက်တွေမှာလည်း ဖော်ပြခဲ့တဲ့အနေ အထားမျိုး မတွေ့ရပါဘူး။
သေနတ်ကြောင့်သေဆုံးရမှုများ
ဆွစ်ဇာလန်ဟာ ကမ္ဘာပေါ်မှာ သေနတ်ပိုင်ဆိုင်မှုအများဆုံး နိုင်ငံတစ်ခုဖြစ်လင့်ကစား သေနတ်ကြောင့် ဖြစ်ပွားရတဲ့ ရာဇဝတ်မှုဖြစ်ပွားမှု အနည်းအကျဉ်းသာရှိခဲ့ပါတယ်။ သေနတ်နဲ့ ဆက်စပ်တဲ့ လူသတ်မှုဖြစ်ပွားတဲ့ နှုန်းဟာဆိုရင်လည်း လူတစ်သိန်းမှာမှဝ ဒသမ ၅ ရာခိုင်နှုန်းလောက်သာရှိခဲ့ပြီး လူတစ်သိန်းမှာ ငါးယောက် သေဆုံးမှုရှိခဲ့တဲ့ အမေရိကန်နဲ့ နှိုင်းယှဉ်လိုက်ရင်မပြောပလောက်တဲ့ ပမာဏလို့ဆိုနိုင်ပါတယ်။ ဆွစ်ဇာလန်မှာ ဖြစ်ပွားသမျှ သေနတ်နဲ့ဆက်စပ်နေတဲ့ သေဆုံးမှုအများစုဟာဆိုရင် မိမိကိုယ်ကိုယ်အဆုံးစီရင်တဲ့ သေဆုံးမှု တွေသာ အဖြစ်များ ပါတယ်။ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်မှုတွေဟာ ၂၀ဝ၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အချိန်ကာလအတွင်း ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
တစ်သီးပုဂ္ဂလဆန်ဆန်ရပ်တည်
သေနတ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံရဲ့သဘောထားရပ်တည်ချက်ဟာ အနောက်ဥရောပနိုင်ငံမှာ တစ်သီးပုဂ္ဂလဆန်တဲ့ အနေအထားမျိုးလို့ ဆိုရမလိုပါပဲ။ သေနတ်တွေဟာ ဆွစ်ဇာလန်ယဉ်ကျေးမှုထုံးတမ်းမှာ ခိုင်မာတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေပြီး ဆွစ်ဇာလန်နိုင်ငံသားအဖြစ်ခံယူထားတာ ၁၀ နှစ်သို့မဟုတ်၁၀ နှစ်ထက် ပိုကြာမြင့်ပြီဖြစ်တဲ့ လူတိုင်းဟာ စစ်သုံးရိုင်ဖယ်ကို လွတ်လပ်စွာ ပစ်ခတ်နိုင် ခွင့်ရှိပါတယ်။
အကြမ်းဖက်မှုတွေကို ပူးပေါင်းကာကွယ်ဖို့
သေနတ်ထိန်းချုပ်ရေး ဥပဒေအသစ် ပြင်ဆင်ရေးဆွဲဖို့နဲ့ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်မှုတွေ၊ ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကနေ ပေါ်ထွက် လာတဲ့ ရလဒ်တွေက ပြည်သူတွေရဲ့သဘောထားကို ဖော်ပြလိုက်ပါပြီ။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးဖို့ ကြိုးပမ်းလိုတဲ့ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုမှာ ဆွစ်ဇာလန်ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ စိတ်အားထက်သန်မှုရှိနေသလိုသတိကြီးကြီးထားနေရတဲ့ ဘရပ်ဆဲလ်နဲ့ ဆက်ဆံရေးကိုလည်း အကောင်းဆုံးဖြစ်စေချင်နေတဲ့ ဆွစ်ဇာလန်ပြည်သူတွေဟာ အစိုးရဲ့အကြံဉာဏ်ကို လက်ခံလိုက်နာပြီး အသစ်ပြဋ္ဌာန်းမယ့်သေနတ်ထိန်းချုပ်ရေးဥပဒေကို တစ်ခဲနက်ထောက်ခံလိုက်ပြီဖြစ်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ