တိုကျို ၈ ဇန်နဝါရီ
တောင်တရုတ်ပင်လယ်ဒေသအတွင်း လွတ်လပ်သော ရေကြောင်းသွားလာမှု စစ်ဆင်ရေးအဖြစ် အငြင်းပွားနေသည့် ကျွန်းများအနီးရှိ ရေပြင်တွင် အမေရိကန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်းခုတ်မောင်းသွားခဲ့ကြောင်း၊ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ခါးသီးသော ကုန်သွယ်ရေး စစ်ပွဲကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ဆွေးနွေးမှု များ ပြုလုပ်နေစဉ်အတွင်း ယင်းဖြစ်ရပ်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြ သည်။
အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘော ယူအက်စ်အက်စ် မက်ကယ့်ဘဲလ်သည် ဇန်နဝါရီ ၇ ရက်က ပါရာဘဲလ်ကျွန်းများအနီးမှ ခုတ်မောင်းခဲ့ကြောင်း ပစိဖိတ် ရေယာဉ်စုက ပြောကြားသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပြင်ဧရိယာ အများစုကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ကြေညာထားစဉ်တွင် အခြားအာရှနိုင်ငံများကလည်း ထပ်တူထပ်မျှ ကြေညာထားကြသည်။ တောင်တရုတ်ပင်လယ်ဒေသတွင်း၌ တရုတ်နိုင်ငံ၏ စစ်ရေးအရ တည်ရှိမှုတိုးမြှင့်လာခြင်းကို တန်ပြန်ရန်အတွက် အမေရိကန်က ၎င်းဒေသတွင်း၌ စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်ခဲ့သည်။
အင်န်အိတ်ချ်ကေ