ပိုင်ကျုံ ၂၅ ဇွန်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန် ၂၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းကူးတံတားသည် အရှည် ၁၁၈၄ ဒသမ ၆ ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀၀)ဖြင့် သံပြားကြမ်းခင်း လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ တံတားကို ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတံတားကို တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ ဦးရဲမြင့်ထွန်း မြို့ပြအငယ်တန်း အင်ဂျင်နီယာ(၂)က ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)


