ပိုင်ကျုံ ဇွန် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ် အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ဇွန် ၄ ရက် နံနက်ပိုင်းက ကစိုကျေးရွာ အလကတွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်မှ စတင် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ပိုင်ကျုံ အထကတွင် ၁၃၀၊ အလက ကစိုတွင် ၃၁၅ ဦး စုစုပေါင်း ၄၄၅ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)