ပိုင်ကျုံ    ၁၂     နိုဝင်ဘာ  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင် စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင် စုတစ်စုလျှင် ငွေကျပ်(၂၀ဝ၀ဝ) နှုန်း ဖြင့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ ကြောင်း သိရသည်။ 

 

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ ဌာနဆိုင်ရာ များနှင့် နောင်ဘိုကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က နောင်ဘိုကြီးကျေးရွာအတွင်းရှိ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စု (၁၂၀)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀ဝ၀ဝ)ကျပ်နှုန်း စုစုပေါင်း ငွေကျပ် (၂၄၀ဝ၀ဝ) ကို ပြည်သူများ၏ လက်ဝယ်အရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 ပိုင်ကျုံ(ပြန်/ဆက်)