ပိုင်ကျုံ   ၂၁  ဇန်နဝါရီ

 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ထီးဖိုးကိန်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ဒေါ်နန်းမိုးမိုးထွေး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)က အဖွင့်အမှာစကား ပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နော်ခူးခူးက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲတွင် ဒေါ်နန်းမိုးမိုးထွေး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)က ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုသော ခေါင်းစဉ်နှင့်အညီ မိမိရပ်ရွာဒေသ ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတင်ပြရန် လိုအပ်ကြောင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်က မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

 

mdn

 

ဆက်လက်၍ (လှိုင်းဘွဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ) ဦးအောင်ငွေက ကျေးလက်နေ ပြည်သူများအနေဖြင့် ဥပဒေဆိုင်ရာ အတွေ့အကြုံများပိုမိုသိရှိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး (လှိုင်းဘွဲမြို့နယ် မူးယစ်ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ) ဦးဌေးဝင်းက ဖွံ့ဖြိုးရေးကို အနှောင့်အယှက်ဖြစ်စေသော မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ ဦးကျော်မင်းထွေး (မြို့ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန) ကလယ်ယာမြေခြံဆိုင်ရာ ဥပဒေများအကြောင်းကို လည်းကောင်း၊ ရဲအုပ်ဘတိုး (ပိုင်ကျုံနယ်မြေရဲစခန်းစခန်းမှူး)က မူးယစ်သားကောင်များကို ဖမ်းဆီးခြင်းဥပဒေနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းများကို လည်းကောင်း၊ ဦးရဲထက်အောင်(လက်ထောက် ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန)က စိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် မြေဆီ မြေသြဇာများအကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ကျေးလက်နေပြည်သူများ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်