ပိုင်ကျုံ မတ် ၁၆

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ် ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံတွင် ဝန်ထမ်းများ စိတ်အေးချမ်းသာအဆင်‌ပြေစွာ နေထိုင်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

အဆိုပါ အဆောက်အဦသည် အလျားပေ (၆၀)၊ အနံပေ(၅၀)ရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၆.၄၆၅၀၀)သန်းဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးလျက်ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းအား သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက်  တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စောဂျိုးဇက်ဂျူး