ပိုင်ကျုံ စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် နေထိုင်သည့် ကျေးလက်နေပြည်သူများ၊ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၁၂၅) စုံကို ယနေ့နံနက်ပိုင်းတွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ပိုင်ကျုံမြို့၊ ကျေးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် စာသင်ကျောင်းအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်