ပိုင်ကျုံ  ၁၄  ဧပြီ

 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင်းနှင့် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယနေ့တွင် ထောက်ပံ့ပေးခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် တာဝန်ရှိသူများက မြို့တွင်းရှိ ရပ်ကွက် (၅)နှင့် ကျေးရွာအုပ်စု ၂ အုပ်စု တို့မှ  ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊  ပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာတို့ကို ထောက်ပံ့ပေးခဲ့‌ကြောင်း သိရသည်။

 

ပိုင်ကျုံမြို့အတွင်း၌ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ကောက်ယူထားသည့်စာရင်းအလိုက် စားသောက်ကုန်များကို ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။    

 

(မြို့နယ် ပြန်/ဆက်)