ပိုင်ကျုံ အောက်တိုဘာ  ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးမှု (၄)လအထက်ရှိသူများအား  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄)လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များ၊ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရာ အောက်တိုဘာ ၁၇ ရက်တွင် တတိယအကြိမ်(၈)ဦးနှင့်  စတုတ္ထအကြမ်(၃၇)ဦး စုစုပေါင်း (၄၅)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက်   ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင်  အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် အပတ်စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

နော်ခူး(ပြန်/ဆက်)