ပိုင်ကျုံ ၄ မေ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင်အပူချိန်မြင့်မားမှုကြောင့် ယခုနှစ်နွေရာသီတွင် နောင်ခလုံးကျေးရွာ၌ ရေရှားပါးလျက်ရှိရာ ပိုင်ကျုံနယ်မြေမီးသတ်ဦးစီးဌာနမှ သောက်သုံးရေများရ ရှိရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ခလုံးကျေးရွာတွင် ယခင်နှစ်များက ရေတွင်းများခမ်း ခြောက်မှုမရှိဘဲ သောက်သုံးရေများ ဖူလုံစွာသုံးစွဲခဲ့ကြပြီး ယခုနှစ်နွေရာသီတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကျေးရွာအတွင်းရှိ ရေတွင်းများ ခမ်းခြောက်ခြင်းကြောင့် သောက်သုံးရေများလိုအပ်လျက်ရှိရာ ပိုင်ကျုံမြို့ နယ်မြေမီးသတ်စခန်းက ယခုလိုကူညီဆောင်ရွက်ပေးမှုကြောင့် အထူးကျေးဇူးတင်လျက်ရှိကြောင်းကို နောင်ခလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အုန်းထံမှ သိရသည်။
ပိုင်ကျုံမြို့တွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပိုင်ကျုံနယ်မြေ မီးသတ်ဦးစီးဌာနမှ ရေများလှူဒါန်းလျက်ရှိရာ သောက်သုံးရေများ လိုအပ်ပါက ပိုင်ကျုံနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးစောထီးမူးဂျူး(ဝ၉၄၄၂၆၉၃၇၁၂)ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စောပီဖိုး(ပြန်/ဆက်)


