ပိုင်ကျုံ၊ ၈ ဇွန်
ကရင်ပြည်နယ် ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ဆေးရုံအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရေးဆောင်ရွက်ခြင်းလုပ်ငန်းကို တိုက်နယ်ဆေးရုံဝင်း အတွင်း/အပြင်ရှိ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်များနှင့် ခြုံနွယ်ပင်များရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော မြို့အဝင်လမ်းနှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)


