ပိုးသတ်ဆေးသောက်၍ အမျိုးသမီးတစ်ဦး သေဆုံး

ငဖဲ  ၂၂ ဧပြီ

 

မင်းဘူးခရိုင် ငဖဲမြို့နယ် ညောင်ကိုင်းကြီးကျေးရွာတွင် ဧပြီ ၂၁ ရက်က အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ   ဦးချစ်ဆန်းအောင် (ဘ)ဦးရန်ငြိမ်း ညောင်ကိုင်းကြီးကျေးရွာ နေသူသည် ည ၁၁ နာရီခန့်တွင် နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ် နေအိမ်အောက်ထပ်မှ အော့အန်နေသံကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဇနီးသည်ဖြစ်သူ ဒေါ်အေးမိစံ အနီးတွင်  VITAGRO 50 EC တံဆိပ်ပါ ပိုးသတ်ဆေးပုလင်း တစ်လုံးကို အဖုံးဖွင့်လျက် တွေ့ရှိရ၍ မေးမြန်းရာ အစာအိမ် နှလုံးသွေးကြောကျဉ်းရောဂါကို နှစ်ရှည်လများ ခံစားနေရသည့်အတွက် မခံစားနိုင်တော့သဖြင့် ပိုးသတ် ဆေးသောက်လိုက်ခြင်း ဖြစ်ကြောင်း သိရပြီး ငဖဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ဧပြီ ၂၂ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ငဖဲမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)