မန္တလေး၊ ၆ ဇန်နဝါရီ

 

မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှု လျော့နည်းလာသောကြောင့် သီးသန့်စောင့်ကြည့်ရေးစင်တာများကို လျှော့ချသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

“နေအိမ်နေထိုင်ရေးမှာ မလိုအပ်ဘဲ အပြင်မထွက်လိုက်တော့ ကျသွားတယ်။ ထိန်းနိုင်အောင် တတ်နိုင်သမျှလုပ်တယ်။ သီးသန့်စောင့်ကြည့်ရေး စင်တာတွေ လျော့တော့မယ်။ ဆေးရုံတချို့ကိုလည်း ပြန်ပေါင်းမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

မန္တလေးခရိုင်အတွင်း သီးသန့်စောင့်ကြည့်ရေးစင်တာ ၁၃ ခုရှိပြီး မန္တလေးတိုင်း တစ်တိုင်းလုံးတွင် ၂၄၉ ခုရှိကြောင်း သိရသည်။

 

မန္တလေးခရိုင်အတွင်းမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက လူတစ်ရာကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရင် ၁၆ ယောက်မှာ ပိုးတွေ့ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းကစပြီး လူတစ်ရာကို ဆေးစစ်ရင် ၁၀ ယောက်ခန့်သာ ပိုးတွေ့တော့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မန္တလေးခရိုင်ကို Stay at Home ကြေညာထားဆဲဖြစ်သည်။

 

ဖြိုးအိ