၈ မေ

ပါကစ္စတန်နိုင်ငံသား  မိုဟာမက် ဖေရေ့ ဟာ နေ့ခင်ပိုင်းမှာ ပြောင်းဖူးပွင့်လှော် ရောင်းပြီး ညပိုင်းမှာ လုံခြုံရေးအလုပ်ကို လုပ်ကိုင်ပါတယ်။ သူဟာ လမ်းခင်းတဲ့ စက်ရဲ့ အင်ဂျင်၊ ဘီးတွေကို သုံးဘီးကနေ ငှားထားပြီး  တောင်ပံတွေဟာ ဂုန်နီအိတ်တွေနဲ့ ပြုလုပ်ထားတဲ့ လေယာဉ်တစ်စင်းကို တည်ဆောက်ခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလမှာ နှစ်နှစ်လောက် အချိန်ယူပြီးတည်ဆောက်ထားတဲ့ လေယာဉ်ပျံငယ်ဟာ ပျံသန်းဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ်။ ဖေရေ့က လေယာဉ်ပြေးလမ်းလုပ်ရန်အတွက် သူ့မိတ်ဆွေကို လမ်းပိတ်ခိုင်းပြီး စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရပါတယ်။ လေယဉ်ဟာ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းလောက် မောင်နှင်အပြီးမှာ မြေပြင်ကနေ နှစ်ပေ၊ နှစ်ပေခွဲလောက် ပျံတက်ခဲ့ကာ  ၃ ကီလိုမီတာနီးပါး ပျံသန်းပြီးနောက် ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။

 

mdn

 

ဒုတိယအကြိမ် စမ်းသပ်မောင်းနှင်ရန်အတွက် မတ်လ ၂၃ ရက်နေ့ ပါကစ္စတန်နေ့ကို ရွေးချယ်ရာ ရာချီတဲ့လူတွေက နိုင်ငံတော်အလံတွေဝှေ့ရမ်းပြီး ဖေရေ့ရဲ့ လေယာဉ်နားမှာ ဝိုင်းအုံနေကြပါတယ်။ လေယာဉ်မမောင်းမီ ရဲတပ်ဖွဲ့ရောက်လာပြီး ဖေရေ့ရဲ့ လေယာဉ်ဟာ လုံခြုံရေးကို ခြိမ်းခြောက်တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ ဖေရေ့ကို ရူပီးငွေ ၃၀ဝ၀ ဒဏ်ငွေပေးဆောင်စေခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန်လေတပ်ကတော့ ဖေရေ့ လေယာဉ်တည်ဆောက်စဉ်မှာ နှစ်ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး အခြေခံ အသေးစားလေယာဉ်တည်ဆောက်မှုကို အသိအမှတ်ပြုတဲ့ လက်မှတ်တစ်စောင် ထုတ်ပေးခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် လေယာဉ်ငယ်တည်ဆောက်သူဟာ ငယ်စဉ်က လေတပ်ကိုဝင်ချင်ခဲ့သူဖြစ်ပါတယ်။ သူ အဖေကွယ်လွန်ခဲ့တဲ့အတွက် ကျောင်းမှ ထွက်ခဲ့ရပြီး အလုပ်ပေါင်းစုံလုပ်ကာ သူ့အမေနဲ့ မွေးချင်းအငယ် ၅ ယောက်ကို လုပ်ကျွေးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အလုပ်ကို မစွန့်လွှတ်ဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်တည်ဆောက်ရန် အွန်လိုင်းပေါ်မှ လေယာဉ်ပုံကြမ်းများ၊ ဗီဒီယိုဖိုင်များကနေတစ်ဆင့် လေ့လာခဲ့ကြောင်းပြောပါတယ်။

 

mdn

 

အခုတော့ ပန်ဂျပ်ပြည်နယ်အလယ်ပိုင်း တာဘားကျေးရွာရှိ လေယာဉ်ငယ်တည်ဆောက်ခဲ့တဲ့ သူ့ရဲ့ အိမ်ကို လာရောက်လည်ပတ်သူများနဲ့ ပြည့်နေပါတယ်။

MDN
ကိုးကား -AFP