၁ ဇွန်
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ပါကစ္စတန်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းနှစ်ဦးဟာ သူလျှိူလုပ်ဆောင်တဲ့အတွက် နိုင်ငံကနေ နှင်ထုတ်လိုက်ရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တနင်္ဂနွေနေ့ညပိုင်းက ပြောကြားပါတယ်။
၁၉၄၇ ခုနှစ် ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ကတ်ရှ်မီးယားဒေသအရေးနဲ့ ပတ်သတ်ပြီး တင်းမာမှုတွေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
နှင်ထုတ်ခံရတဲ့ နှစ်ဦးဟာ နိုင်ငံကနေ ၂၄ နာရီအတွင်း ထွက်ခွာရမှာ ဖြစ်ရမှာ ဖြစ်တယ်။ စွပ်စွဲခံရချက်နဲ့ ပတ်သက်ပြီး သံရုံးတာဝန်ခံက အပြင်းအထန် ငြင်းဆိုကြောင်း သိရပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ ဗီယာနာ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လွတ်လပ်ရေး ရရှိကတည်း နှစ်နိုင်ငံကြားမှာ စစ်ပွဲသုံးကြိမ်ဖြစ်ရာ နှစ်ကြိမ်မှာ ကတ်ရှ်မီးယား အရေးနဲ့ ပတ်သက်ကြောင်း သိရပါတယ်။
၁၉၈၉ ခုနှစ်ကစပြီး နှစ်နိုင်ငံကြားက စစ်ပွဲတွေကြောင့် သေဆုံးသူ ထောင်သောင်းချီပြီးရှိရာ အများစုမှာ ပြည်သူတွေဖြစ်ပါတယ်။
MDN
ကိုးကား - AFP