ဇွန် ၁၈

ပါကစ္စတန်အကျဉ်းထောင်များတွင်ထိန်းသိမ်းခံထားရပြီး မကြာသေးမီကလွတ်မြောက်လာသော အာဖဂန်နိုင်ငံသား စုစုပေါင်း ၄၈၅ ဦးသည် ယမန်နေ့က ၎င်းတို့၏နေရပ်သို့ ပြန်သွားကြောင်း အာဖဂန်နစ္စတန်ရေဒီယိုနှင့် ရုပ်မြင်သံကြား (RTA) က ယနေ့တွင် ဖော်ပြခဲ့သည်။

၎င်းတို့၏နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဖြတ်ကျော်ဂိတ်များတွင် လိုအပ်သောအကူအညီများ ရရှိကာ မွေးရပ်ပြည်နယ်များသို့ ပို့ဆောင်ခဲ့ကြောင်း မီဒီယာက ထပ်လောင်းဖော်ပြခဲ့သည်။

အစောပိုင်းက ပါကစ္စတန်အကျဉ်းထောင်များမှ လွတ်မြောက်လာသော အာဖဂန်အကျဉ်းသား ၇၆၃ ဦးသည် အာဖဂန်နစ္စတန်သို့ သီတင်းပတ်ကုန်ပိုင်းက ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို