အစ္စလာမာဘတ် ဧပြီ ၅
ပါကစ္စတန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများလျှော့ချရေးအတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အက်ဟက်ဒါးက ပြောကြားခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးရုံး ထုတ်ပြန်ချက်အရ သိရသည်။
အီရန်၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံများမှ တာဝန်ရှိသူများနှင့် ဖုန်းဖြင့်ဆွေးနွေးစဉ်အတွင်း ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီး အဗတ်အေရာချီနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်မည်ဟု အက်ဟက်ဒါးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကလည်း ပါကစ္စတန်၏ အရှေ့အလယ်ပိုင်း အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း မကြာခင်က ပြောကြားခဲ့သည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


