၃ ဇန်နဝါရီ
ပါကစ္စတန်စစ်တပ် က ပါကစ္စတန်တို့ ထိန်းချုပ်ထားသော ကက်ရှမီးယားဒေသသို့ ယမန်နေ့နှောင်းပိုင်းက ပစ်လွှတ်ခဲ့သော အိန္ဒိယလုပ် ဒရုန်းလေယာဉ်သည် နှစ်ရက်အတွင်းပစ်လွှတ်ခဲ့သော ဒုတိယမြောက် ဒရုန်းလေယာဉ် ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာဆစ် ဂါဖော က ကက်ရှမီးယားဒေသရှိ နှစ်နိုင်ငံနယ်နိမိတ် ပိုင်းခြားထားသော ပါကစ္စတန်တို့ထိန်းချုပ်ထားရာ နယ်နိမိတ်မျဉ်းအနီး စာတယ်လ် ဒေသတွင် အိန္ဒိယ ထောက်လှမ်းရေး ဒရုန်းလေယာဉ်ကို ပါကစ္စတန် စစ်တပ်က ပစ်လွှတ်ခဲ့သည်ဟု တွစ်တာတွင် ရေးသားဖော်ပြထားသည်။
ဗက်ရှ်ဒေသတွင် အိန္ဒိယ ထောက်လှမ်းရေးယာဉ် တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြီးခဲ့သည့် အင်္ဂါနေ့ ကအတည်ပြု ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ အပေါ် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာသည့် အချိန်တွင် အဆိုပါ ဒရုန်းပစ်လွှတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၊ နယ်စပ်ဖြတ်ကျော်သူများကို အိန္ဒိယစစ်တပ်က ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ် က ဆိုသည်။
၂၀ဝ၃ ခုနှစ် က ပါကစ္စတန် နှင့် အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတစ်လျှောက် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အပစ်အခတ်ရပ်စဲခြင်းကို ချိုးဖောက်သည် ဟုဆိုကာ နှစ်ဖက်အပြန်အလှန် စွပ်စွဲ ခဲ့ကြသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို