အစ္စလာမာဘတ် ဇန်နဝါရီ ၁၃
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းပြိုကျမှုမှ သေဆုံးသူအရေအတွက် ၁၁ ဦးရှိလာပြီး ဖြစ်စဉ်အတွင်း ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့ကြောင်း ကျောက်မီးသွေးတွင်းစစ်ဆေးရေး တာဝန်ရှိသူ အဗ္ဗဒယ်ဂါနီဗာလော့က ပြောကြားသည်။
ဇန်နဝါရီ ၉ ရက်က အဆိုပါ ကျောက်မီးသွေးတွင်းအတွင်း မီသိမ်းဓာတ်ငွေ့များ အများအပြား ထွက်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ကျောက်မီးသွေးတွင်း ပြိုကျပြီး လုပ်သားများပိတ်မိခြင်းဖြစ်ပွား ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
လက်ရှိအချိန်တွင် ကျောက်မီးသွေးတွင်းအတွင်း သွားရောက်ကယ်ဆယ်နိုင်ရန်အတွက် ကျွမ်းကျင်သူ ဝန်ထမ်းများက ဆောင်ရွက်နေသည်။ သို့ရာတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားထားသဖြင့် ဝင်ပေါက်များပိတ်ဆို့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေသည်။ ပါကစ္စတန်နိုင်ငံရှိ ကျောက်မီးသွေးတွင်းများသည် လုပ်ငန်းခွင်ဘေးကင်းရေး ဆောင်ရွက်ချက်အားနည်းမှုကြောင့် မတော်တစ်ဆမှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ