၂၀ ဇန်နဝါရီ
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း လက်ဘီလာခရိုင်တွင် ယနေ့ နံနက်ပိုင်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားရာ အနည်းဆုံး ရှစ်ဉီး သေဆုံးပြီးနောက် လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့သည်။
ဘလူချီစတန်ပြည်နယ် အနောက်တောင်ပိုင်း လက်ဘီလာခရိုင် ဘီဆာမြို့အနီး လမ်းမပေါ်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် နောက်သို့ ဂျွမ်းပစ်ကျခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းများက ဖော်ပြခဲ့သည်။
မတော်တဆမှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အရာရှိများသည် ရောက်ရှိလာပြီးနောက် ဒဏ်ရာရရှိသူများအား ကွီတာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
သေဆုံးသူများထဲတွင် လုံခြုံရေးဝန်ထမ်း နှစ်ဉီးနှင့် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟု ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်