အစ္စလာမာဘတ်   မတ်   ၁၁

ပါကစ္စတန်နိုင်ငံ   အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်း ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယနေ့တွင်   တိုက်ခိုက်ခဲ့ပြီး    ခရီးသည်အများအပြားကို   ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများ၏   ပြောကြားချက်အရ သိရသည်။

ခရီးသည် ၄၅၀ ကျော် လိုက်ပါလာသည့် Jaffar Express ရထား သည်  နိုင်ငံ၏အနောက်တောင် ဘက် ကာတာမြို့မှ အနောက်မြောက်ဘက် ပက်ရှ်ဝါမြို့သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားရာ   ဒေသသည် တောင်ကုန်းထူထပ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် ကယ်ဆယ်ရာတွင် နှောင့်နှေးခဲ့သည်။

ကာတာဒေသရှိ  ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တာဝန်ချထားပြီး ဒဏ်ရာရရှိသူ များကို ကုသပေးခဲ့သည်။

အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ချေမှုန်းသွားမည်ဟု ပါကစ္စတန်  ပြည်ထဲရေးဝန်ကြီး မိုရှင်နာဗီက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ