၁၇ ဒီဇင်ဘာ

 

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာရှ်မာမွတ်ဒ်ကာရတ်သည် ယနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုသို့ နှစ်နိုင်ငံကိစ္စရပ်များဆွေးနွေးရန် နှစ်ရက်ကြာခရီးစဉ် စတင်ထွက်ခွာခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

၎င်းသည် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကျိုးအတွက် နယ်ပယ်ပေါင်းစုံက ယူအေအီးနိုင်ငံခေါင်းဆောင်တို့နှင့် ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါနိုင်ငံခြားရေးဝန်ကြီးသည် အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရောက်ပါကစ္စတန်သားများ၏ အကျိုးစီးပွားစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမြင်များကို ဖလှယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယူအေအီးနိုင်ငံသည် ပြည်ပရောက်ပါကစ္စတန်နိုင်ငံသားများ၏ ဒုတိယအများဆုံးနေထိုင်ရာ နိုင်ငံ ဖြစ်သည်။

 

ထိုခရီးစဉ်သည် ပါကစ္စတန်နှင့်ယူအေအီးနိုင်ငံတို့အကြား အဆင့်မြင့်ဖလှယ်မှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို