ဇွန် ၂၀
ပါကစ္စတန်နိုင်ငံရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသောအာဖဂန်နိုင်ငံသား ၂၆၉ ဦး လွတ်မြောက်လာပြီး ၎င်းတို့၏မွေးရပ်ဖြစ်သောအာဖဂန်နစ္စတန်နိုင်ငံသို့ ယမန်နေ့ကပြန်ပို့ခဲ့ကြောင်း ဒေသတွင်း မီဒီယာ တိုလိုနယူးစ်က ယနေ့တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိအကျဉ်းထောင်အသီးသီးတွင် သုံးလကြာနေထိုင်ခဲ့ရသည့် အမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့်အကျဉ်းသားဟောင်းများကို တာခမ်နယ်စပ်ဖြတ်ကျော်ဂိတ်တွင် အာဖဂန်အာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပုဂ္ဂလိကမီဒီယာများကထပ်လောင်းဖော်ပြထားသည်။
တရားဝင်ခရီးသွားစာရွက်စာတမ်းမရှိသော အာဖဂန်ဒုက္ခသည်များကို နိုင်ငံမှထွက်ခွာရန် ပြောကြားထားပြီး လွန်ခဲ့သောခြောက်လအတွင်း အာဖဂန်အကျဉ်းသားဦးရေ ရာနှင့်ချီလွှတ်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို