အစ္စလာမ္မာဘတ် ဇန်နဝါရီ ၅

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပါ့တွန်ခွာပြည်နယ်၌ နေအိမ်အမိုးပြိုကျမှုဖြစ်ပွားသဖြင့် ကလေးအများစုအပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားသည်။  

ချာဆာဒါခရိုင်   ရှာဘ်ကာဒါဒေသ၌    ဇန်နဝါရီ  ၄   ရက် နံနက် ၄  နာရီခန့်က   အမိုးပြိုကျမှုဖြစ်ပွားသောကြောင့်   အမျိုးသမီးများနှင့် ကလေးများ  အပျက်အစီးများအောက်တွင်  ပိတ်မိနေကြောင်း နိုင်ငံပိုင်ကယ်ဆယ်ရေး ၁၁၂၂ က ပြောကြားသည်။

အဆိုပါ နေအိမ်သည် ရွှံ့များဖြင့်ဆောက်လုပ်ထားပြီး မိုးရွာသွန်းမှုကြောင့် ပြိုကျခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး ၁၁၂၂ မှ ပြောရေးဆိုခွင့်ရှိသူ ဘီလာအာမက်ဖိုင်ဇီက ပြောကြားသည်။ သေဆုံးသူများမှာ အသက် နှစ်နှစ်မှ ၁၄ နှစ်အကြား ကလေးများနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း  ပြောရေးဆိုခွင့်ရှိသူက  ဆက်လက်ပြောကြားသည်။                                                       

ဆင်ဟွာ