ဖေဖော်ဝါရီ ၈
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၌ ယနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် Kohlu ခရိုင်ရှိ မော်တော်ယာဉ်တစ်စီးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများတွင် ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦး၏အစ်ကိုဖြစ်သူပါဝင်ကြောင်း ယင်းဒေသရှိ ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကိုရှာဖွေရန် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကိုပိတ်ဆို့ကာအနီးဝန်းကျင်တွင်ရှာဖွေမှုများစတင် လုပ်ဆောင် ခဲ့ကြသည်။ ဗုံးပေါက်ကွဲမှုသည် မည်သည့်အုပ်စု၏လက်ချက်ဖြစ်သည်ကိုမူ မသိရှိရသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို