အောက်တိုဘာ ၄

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် Quetta မြို့တော်ရှိ စာသင်ကျောင်း မီးလောင်မှုကြောင့် ကျောင်းသား ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသောကျောင်းသားများအနက် ၁၀ ဦးသည် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အခြား ၂၆ ဦးသည် မီးခိုးငွေ့များရှူရှိူက်မိပြီး သတိလစ်မေ့မြောနေသည်ဟု သိရသည်။

ထိုစာသင်ကျောင်းမီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရကျောင်းသားအားလုံး၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်းနှင့် ၎င်းတို့အားလုံးဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မီဒီယာကို ပြောကြားသည်။

စာသင်ကျောင်းမီးလောင်မှုသည် ကျောင်းသားများ ဆေးဘက်ဆိုင်ရာစာမေးပွဲအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို