ဒီဇင်ဘာ ၁၉
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့ရှိ အဆောက်အဦတစ်လုံးတွင် ယမန်နေ့က ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး အခြား ၁၂ ဦးခန့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။
အဆိုပါဆလင်ဒါအိုးပေါက်ကွဲမှုသည် နှစ်ထပ်လူနေအဆောက်အဦတစ်လုံးအောက်ထပ်ရှိ ဆလင်ဒါအိုးအရောင်းဆိုင်သို့ ဆလင်ဒါအိုးအသစ်များရွှေ့ပြောင်းနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့၏တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။
ယင်းအဆောက်အဦသည် ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ ပြိုကျပျက်စီးသွားခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
အဆောက်အဦအကျိုးအပဲ့များအောက်တွင် ပိတ်မိနေသူ ၁၅ ဦးကို ရှာဖွေတွေ့ရှိကာ တစ်ဦးထက်မနည်း ပိတ်မိနေဆဲဖြစ် သဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို