ဖေဖော်ဝါရီ ၁၅

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပန့်ထန်ခ်ဟွာပြည်နယ် ကိုဟတ်ခရိုင်ရှိ ကျောက်မီးသွေးတွင်းတစ်တွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

အဆိုပါခရိုင်၏ဒါရာအာဒမ်ခီလ်ဒေသရှိ ကျောက်မီးသွေးတွင်းတွင် ယမန်နေ့က မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် မိုင်းလုပ်သားလေးဦးပိတ်မိနေခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးသမားများက ထိုနေရာသို့ရောက်ရှိပြီး ဒေသခံစေတနာ့ဝန်ထမ်းများ၏အကူအညီဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအား ရှာဖွေတွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသန္တရမီဒီယာတွင် ဖော်ပြထားသည်။

ထိုဒဏ်ရာရသူများတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း ဒဏ်ရာရရှိသူစေတနာ့ဝန်ထမ်းတစ်ဦးပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။

၎င်းပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းအားသိရှိနိုင်ရန်စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို