ပါကစ္စတန်နိုင်ငံ၌ ခရီးသည်တင်ယာဉ်တစ်စီး ချောက်နက်ထဲသို့ ထိုးကျမှုကြောင့် ရှစ်ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ဇွန် ၉

 

ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်ဘက် ခီဘာပါ့ထန်ဟွာပြည်နယ်တွင် ယမန်နေ့က ခရီးသည်တင်ယာဉ်တစ်စီး ချောက်နက်ထဲသို့ထိုးကျခဲ့သဖြင့် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။

 

ဒေသခံများနှင့်ကယ်ဆယ်ရေးအဖွဲ့က ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ထိုမတော်တဆမှုဖြစ်ပွားသောယာဉ်ပေါ်တွင် ကားသမားအပါအဝင် လူ ၂၀ လိုက်ပါလာခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

 

ဒေသတွင်းရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို